လက်ဖက်ထမင်းသုပ်

ဒါကတော့ ရုတ်တရက် ဗိုက်ဆာပြီး ဟင်းချက်ချင်စိတ်မရှိရင်ဖြစ်ဖြစ်
အလွယ်တကူသုပ်စားလို့ အဆင်ပြေလှပါတယ်။ လက်ဖက်အနည်း
သာကျန်ပြီး စိတ်ညစ်နေသူများအတွက်လဲ အသုံးဝင်လှပါတယ်။

ပါဝင်တဲ့အရာများကတော့

လက်ဖက်သား(နှပ်ပြီး)
အကြော်စုံ (သို့) မြေပဲ၊ နှမ်း၊ ပဲကြော်
ထမင်း
ဆီ
ခရမ်းချဉ်သီး
ငရုတ်သီးစိမ်း
ငံပြာရည်
သံပုရာသီး တို့ပါပဲ။

စားမယ့် ပန်းကန်လုံး ထဲမှာ ထမင်း ၊ လက်ဖက်၊ အကြော်၊ ခရမ်းချဉ်သီးပါးပါးလှီး ပြီး
ဆီ၊ ငံပြာရည်၊ ငရုတ်သီးစိမ်း ၊ သံပုရာသီးတစိပ်ခန့် ညှစ်ထည့်ပြီး နယ်ပါ။ သက်သတ်
လွတ်မဟုတ်လျှင် ပုဇွန်ခြောက်အကောင် သို့မဟုတ် အမှုန့် ထည့်နိုင်ပါတယ်။ ထွေထွေ
ထူးထူး ဘာမှမပါပေမယ့် အဆင်ပြေလွယ်ကူပြီး ရေနွေးခြမ်းလေးနဲ့ စားသုံးရင် အင်မတန်
အရသာရှိလှပါတယ်။

 
 

6 comments:

စိမ်း... said...

ဗိုက်ဆာနေတာနဲ့ အတော်ပဲ... လက်ဖက်ထမင်းလေး စားသွားတယ်

ဝသန်မိုး said...

မစားရတာအတော်တောင်ကြာသွားပြီ
တစ်ဝစားသွားတယ် ခင်ဗျ

Moe Cho Thinn said...

လက်ဖက်ထမင်းသုပ်ဆို သိပ်ကြိုက်ပေါ့။ ဘယ်အချိန်ချိန် ကျွေးကျွေး မငြင်းဘူး။ :)

ဧပရယ်လ်ပူး@ပူးတေ said...

ဗိုက်ဆာနေတုန်း လာကြည့်တာ မွှားတွားတယ်... ပို ဆာတွားပီတွယ်....ဟွန့်

Terry said...

ဝိတ်လျော့နေပါတယ်ဆို ဒီလက်ဖက်ထမင်းလုပ်နည်းကိုရှာရှည်ပြီးကြည့်လိုက်တာ မနေနိုင်တော့ဘူး။ မပိန်ရင်နေတော့ မနေနိုင်တော့ဘူး သွားလုပ်စားဦးမှဘဲ

:P said...

ဒီနေ့ လူပ်စားတယ်.. ပဲကြော်အစား ပြောင်းဖူးစိပြုတ်နဲ့