မန္တလေးမြီးရှည်

ခုတခါ SmokenSpice လာ ၊ ဘလော့ဂါမိတ်ဆွေများကို ချက်ကျွေးချင်တာလေးက
မန္တလေးမြီးရှည်ပါ။ သင်္ကြန်ရေစိုပြီး ပင်ပန်းလာတဲ့ သူငယ်ချင်းများအတွက်ပါ အထူး
စပါယ်ရှယ် စီစဉ်ပေးထားပါတယ်။ ဒီ ချက်နည်းလေးကို People.com.mm ကနေ သိရှိ
ပြီးချက်ပြုတ်ထားတာဖြစ်ပါတယ်။

မန္တလေးမြီးရှည်မှာ ပါဝင်သောအရာများကတော့

နန်းလတ်
ကြက်သား
ပဲတီပင်ပေါက်
ကော်မှုန့်
ပဲငါးပိ
ဆီတို့ဖူး
နံနံပင်
ကြက်သွန်ဖြူ
ငံပြာရည်
ကြက်သားအမှုန့်
ဆီ
ဂျူံလုံးကြော် တို့ပါပဲ။

အရင်ဦးဆုံး နန်းလတ်အဖတ် ကို ပြုတ်ပါတယ်။ နူးလာလျှင် ဖယ်ထားပါတယ်။
ကြက်သားကိုလဲ ကြက်သားမှုန့် ၊ ချင်းအနည်းငယ်ထည့်ပြီး ပြုတ်ပါတယ်။ နူးလာ
လျှင် အသားတွေ နွှင်ပြီး၊ အရိုးကိုကြက်သားပြုတ်ဟင်းရည်အိုးထဲ ပြန်ထည့်ပါတယ်။
သံပုရာသီးအနည်းငယ်၊ ဆား နဲ့ ကြက်သွန်မြိတ်နည်းနည်းထည့်ပြီးဟင်းရည်ချက်
ပါတယ်။ ပဲပင်ပေါက်ကို ရေဆေးပြီး ရေနွေးမှာ ခဏတာ စိမ်ထားလိုက်ပါ။ ဆီတို့ဖူး
ကိုလဲ ရေနွေးအနည်းငယ်ထည့်ပြီး ချေထားပါ။  အိုးအငယ်တခုထဲမှာတော့ ကော်မှုန့်
ကို ရေဖျော်ပြီး မီးအနည်းငယ်နဲ့ မပြစ်မကျဲအနေအထားကျိုလိုက်ပါ။ ဆီကျက်ကို
ကြက်သွန်ဖြူဆီကျက်၊ ငရုပ်သီးဆီကျက်ချက်ထားပါ။ အိုးတခုထဲတွင်လဲ ဂျူံလုံးကလေး
များကိုကြော်ပါ။ စားရမည့်အမယ်များအားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင် မန္တလေးမြီးရှည်
စားသုံးဖို့ပြင်ဆင်နိုင်ပါပြီ။

မိမိစားမည်းပန်းကန်ထဲသို့ နန်းလတ်ဖတ်တယောက်စာ၊ ပဲပင်ပေါက်၊ ကြက်သား၊ ဆီတို့ဖူး
ဖျော်ရည် ၂စွန်း၊ ပဲငပိအနည်းငယ်၊ ဆီကျက် ၂မျိုး၊ ငံပြာရည်၊ နံနံပင်၊ ကော်ရည်ခဲ နှင့်
ဂျူံလုံးကြော်တို့ ထည့်ပါ။ ကြိုက်တတ်လျှင် အချိုမှုန့် ထည့်ပြီး အရသာအဆင်ပြေသလို
သုပ်စားနိုင်ပါတယ်။ မန္တလေးမြီးရှည်ကို ရှမ်းချဉ်  ၊ကြက်ပြုတ်ဟင်းရည်ပူပူတို့နှင့် တွဲဖက်
သုံးဆောင်နိုင်ပါကြောင်း။

 
 

3 comments:

Nu Thwe said...

ဦးဦးဖျားဖျား စားသွားပြီ။ ကျေးဇူးတင်တဲ့ အနေနဲ့ ရေမွှေးရေနဲ့ လောင်းသွားတယ်း)

မိုးကောင်းသူ said...

မန်းလေး မြီးရှည်ဆို အရမ်းကြိုက်။ ဂျုံလုံးဘယ်လို ကြော်ရမလဲဟင်။ မကြော်တတ်လို့ပါ။

စန္ဒကူး said...

မြီးရှည်ဖြစ်ဖြစ်မြီးတိုဖြစ်ဖြစ်..စားတယ်ကွာ..
ရှင်မင်းဘာမှမချက်ကြွေးတာကြာပီ...
ဂျုံလုံးကဘာများပါလိမ့်...