ထမင်းပေါင်း

မြူး က အရင်ရေးပေးပါဆိုလို့ တခြားဟင်းတွေအစား ထမင်းပေါင်းကိုအရင်
ရေးလိုက်ပါတယ်။ ရှင်မင်းထမင်းပေါင်း လုပ်တုန်းက အသီးအနှံတွေ ထည့်
နေကျ ဟာတွေမရှိလို့၊ ရှိတဲ့အသီးအနှံတွေနဲ့ ပဲ လုပ်ဖြစ်ပါတယ်။

သာမာန်ထမင်းပေါင်းမှာ ထည့်နေကျအရာတွေကတော့ ကြက်သည်း၊ကြက်မြစ်
ကြက်သား၊ ပန်းဂေါ်ဖီ၊ တရုတ်နံနံ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊နီ ၊ ငဖယ်ဆုတ်
တို့ပါ။

ရှင်မင်းမှာတော့အကုန်မရှိလို့ ရှိတာလေးနဲ့ ဖြစ်သလိုလေးချက်ဖြစ်ပါတယ်။

ထမင်းပေါင်းမှာ ပါဝင်သောအရာများမှာ

ကြက်သွန်ဖြူ
ကြက်သွန်နီ
ပဲသီး
မုန်လာဥနီ (ခါကြက်ဥ)
ဂျူံမှုန့်
ပဲငံပြာရည်
ကြက်သား
ပဲတီပင်ပေါက်
ငရုတ်သီးစိမ်း
ငရုပ်ကောင်း တို့ပါပဲ။

ကြက်သားကို ဆား၊ ချင်း၊ ကြက်သွန်ဖြူတို့နဲ့ ပြုတ်ထားပါတယ်။ အေးသွားလျှင်
ကြက်သားပြုတ်ကို ပါးပါးလှီးထားပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့ပါးပါး
လှီးထားပြီး ဆီပူပူမှာ ဆီသပ်ပါတယ်။ မုန်လာဥနီ၊ ပဲသီး တို့ကိုအရင်ထည့်
ပြီး ကြော်ပါတယ်။ ခဏနေမှ ပဲတီပင်ပေါက်ကိုထည့်ပါတယ်။ အရိုးပြုတ်ရည်
နှင့် ဂျူံမှုန့် ထမင်းစားဇွန်းနဲ့ ၂ စွန်းလောက်ကိုရောဖျော်ပါတယ်။ ပဲငံပြာရည်၊
ငရုတ်သီးစိမ်း တို့ထည့်ပါတယ်။ ငရုတ်သီးစိမ်းမကြိုက်ရင်မထည့်လဲရပါတယ်။
အပေါ့အငံမြည်းပြီး ဆားလိုလျှင် ဆားထည့်ပါ။ အသင့်ပြင်ထားသော ထမင်း
ပူပူပါ ဟင်းနှင့်အသီးအနှံ၊ ကြက်သားတို့ ပုံပြီး၊ ငရုပ်ကောင်းဖြူးကာ စားသုံး
နိုင်ပါတယ်။


0 comments: